အိန္ဒိယမှ လူငယ်လေး ဂျပန်သို့ သွားသောအခါ

အိန္ဒိယမှ လူငယ်လေး ဂျပန်သို့ သွားသောအခါ

အိန္ဒိယမှ လူငယ်လေးတစ်ယောက် ဂျပန်သို့ရောက် သွားတဲ့အခါမှာ ရထားစီးပါတယ်။ အဲဒီမှာသူ၏အကျင့် အတိုင်းပဲသူ့ရှေ့ကခုံကိုခြေထောက်နဲ့ကန်ပြီး စီးခဲ့ပါတယ်။

အဲဒီမှာ ဂျပန်အဖိုးကြီး တစ်ယောက်ရောက်လာပြီး သူကန်ထားတဲ့ ခြေထောက်နေရာကို ဝင်ထိုင်လိုက် ပါတယ်။အဲဒီအခါမှာ အိန္ဒိယလူငယ်လေးက စိတ်တို သွားပါတယ်။

ဒါနဲ့ပဲ အိန္ဒိယက လူငယ်လေးက
” ဒီမှာ ဟေ့လူ အခြားနေရာတွေအများကြီးရှိနေ ရဲ့နဲ့ ဘာဖြစ်လို့ကျွန်တော် ခြေထောက်တင်ထားတဲ့နေရာကို ထိုင်ရတာလဲ။”

ဂျပန်အဖိုးကြီးကလည်း……
”မင်းဟာ ငါတို့နိုင်ငံရဲ့ပစ္စည်းတွေကိုဖျက်ဆီးတဲ့သူ။ ငါ မင်းကိုအရမ်းစိတ်ဆိုးတယ်။ဒါပေမယ့် မင်းဟာ ဧည့်သည်တစ်ယောက်ဖြစ်နေတဲ့အတွက် လူရှေ့သူရှေ့ မှာ မင်းကို ငါ မဆဲပါဘူး။မင်းဟာ ရှေ့တည့်တည့်က ခုံကိုခြေထောက်နဲ့ကန်ပြီး ထိုင်တာ မင်းရဲ့ပင်ကိုယ် အကျင့် ဖြစ်မယ်လို့ ငါထင်တယ်။

မင်းဘာသာ ဘယ်လိုပဲနေတတ်နေတတ် ငါတို့နိုင်ငံရဲ့ ပစ္စည်းတွေကိုတော့ ငါ အပျက်အစီးမခံနိုင်ဘူး။ ဒါကြောင့် မင်းအဲဒီလိုမျက်စိရှေ့က ခုံကို ခြေထောက်နဲ့ ကန်ပြီးမထိုင်ပါနဲ့။ငါ့အပေါ်ကို မင်း ခြေထောက်တွေ တင်လိုက်ပါ။”

အဲလိုပြောလိုက်တဲ့ အဖိုးအိုကို အိန္ဒိယလူငယ်လေး အရမ်းလေးစား သွားပါတယ်။ အဖိုးအိုက ဆက်ပြီး ပြောတယ်။

” ဒီပစ္စည်းတွေဆိုတာဟာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေပါ။ ဒါကြောင့် ဒီလို အများပိုင်ပစ္စည်းတွေကို ငါတို့ ပြည်သူတွေကထိန်းသိမ်း စောင့်ရှောက်ရမယ်။

မင်းအနေနဲ့ အခြားနိုင်ငံသို့ အလည်ပတ်သွားတဲ့ အခါ ယခုလိုလုပ်မယ်ဆိုရင် မင်းအဆဲခံရလိမ့်မယ် ” လို့ ဂျပန်အဖိုးအိုက ပြောခဲ့ပါတယ်။

#သင်ခန်းစာ
နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ပြည်သူပိုင်ပစ္စည်းတွေ ဆိုတာ ရှိပါတယ်။ဒီပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းရမှာက ပြည်သူတွေပါပဲ။

Red- The Logical Indian
Credit_ကျော်လင်းနိုင်
From_ရိုးရာလေး
MMEBOOK. Powered by Blogger.