ဂျပန်ကောင်မလေးတွေ အမြဲတမ်းခန္ဓာကိုယ်သွယ်လျနေရခြင်း အကြောင်းအရင်း
ဂျပန်လူမျိုးတွေဟာ အသက်ရှည်လေ့ရှိပြီး ကျန်းမာရေးနဲ့အညီ လိုက်လျောညီထွေ နေတတ်ထိုင်တတ်ကြသူတွေပါ။ဂျပန်လူမျိုးတွေ အ၀လွန်တယ်ဆိုတာမျိုးဟာ ရှားပါးပါတယ်။ဂျပန်အမျိုးသမီးတော်တော်များများဟာ ခန္ဓာကိုယ်ပိန်သွယ်ပြီး ၀ တယ်ဆိုတာ ရှားပါတယ်။သူတို့အသက်(၃၀)ဆိုတာကလည်း (၁၈)၊(၂၀) အရွယ်လောက်လို့ ထင်ရလောက်တဲ့ အထိ နုပျိုကြတာကိုလည်း တွေ့ရပါ တယ်။သူတို့တွေ မ၀တာ၊နုပျိုတာ၊အသက်ရှည်တာတွေ ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိပါတယ်။အဲ့ဒါတွေအားလုံးဟာ သူတို့ရဲ့ စားသောက်မှု အေ လ့အထ ပုံစံ(၆)မျိုးကြောင့်ပါ။အဲ့ဒါတွေကတော့….
(၁)diet ပုံစံ(စားသောက်မှုပုံစံ)
ဂျပန်တွေ စားတဲ့ အစားအစာတွေကို ကြည့်လိုက်ရင် ငါး၊ပင်လယ်စာ၊ ဟင်းသီး ဟင်းရွက်၊ပဲ၊ဆန်၊လက်ဖက်စိမ်း..တို့ပါ။သူတို့စားတဲ့ အစားအစာ တွေကို ကြ ည့်လိုက်ရင် အာဟာရကလည်း ညီမျှပြီး အပိုအလို မရှိပါဘူး။ကယ်လိုရီများတဲ့ အစားအစာနဲ့အသင့်စားအစားအစာတွေကို ရှောင်ကြပါတယ်။လတ်လတ် ဆ တ်ဆတ်တွေကိုပဲ စားသောက်တတ်ကြပါတယ်။ရာသီအလိုက် ငါးတွေကို စားကြပါတယ်။နောက်တစ်ခုကတော့ ရာသီအလိုက်လည်း အစားအစာကို ရွေးချယ် စားသောက်တတ်ကြပါတယ်။
(၂)ချက်ပြုတ်တဲ့စတိုင်
ဂျပန်တွေဟာ အကြော်အလှော်ဆိုတာမျိုးထက် ပေါင်းတာ၊ပြုတ်တာ၊ကင်တာ၊ မျိုးသာ လုပ်တတ်ကြပါတယ်။အသားငါးတွေကို ကင်တာကတော့ ကျန်းမာရေးနဲ့ သိပ်မညီညွတ်ပါဘူး။ဆီကိုလည်း အများကြီး မစားပဲ သူတို့ ချက်ပြုတ် ထားတဲ့ အစားအစာတွေမှာဆိုရင် ဆီကို မပါသလောက် နည်းနည်းလေးပဲ သုံးတတ်ကြ ပါတယ်။ဟင်းသီးဟင်းရွက်တွေကိုဆိုရင်လည်း အကျက်ဆိုတာ မျိုးထက် မကျက်တကျက်မျိုး အစိမ်းလိုက် စားတတ်ကြပါတယ်။အသီးအရွက်ကတော့ သူတို့ရဲ့ ဟင်းပွဲမှာ မပါမဖြစ်ပါ။
(၃)စားတဲ့ ယဉ်ကျေးမှု
စားတဲ့ အခါမှာ ဖြည်းဖြည်းနဲ့ ကြေညက်အောင် သေချာ ၀ါးစား တတ်ကြပါ တယ်။သဘာဝအရသာမပျောက်အောင် ပြင်ဆင်ချက်ပြုတ်ပြီး ပန်းကန်ထဲမှာ အပြည့်အမောက်ထည့် စားတာမျိုး မလုပ်ပဲ နည်းနည်း ချင်းစီထည့်ပြီး စား တ တ်ကြပါတယ်။ဒါကြောင့် အစားလွန်တာ၊အစာမကြေတာဆိုတဲ့ ဖြစ်ရပ်မျိုး သိပ် မတွေ့ရ
(၄)ထမင်းအစား ပေါင်မုန့်ကိုစား
သူတို့ဟာ ထမင်းအစား ပေါင်မုန့်နဲ့ဂျုံကို ဦးစားပေးစား တတ်ကြပါတယ်။ဒီအချ က်ဟာလည်းသူတို့တွေ ပိန်ရတဲ့ အကြောင်းအရင်း တစ်ခုပါ။
(၅)မနက်စာကို အလေးပေးစား
မနက်စာဟာ သူတို့အတွက် မရှိမဖြစ်ပါ။သူတို့အတွက် အဓိကပါ။မနက်စာကို အလွယ်လေး ဖြစ်သလို စားတာမဟုတ်ပဲ သေချာ ပြင်ဆင်စား သောက်တ တ်ကြပါတယ်။သူတို့ရဲ့ မနက်စာ ၀ိုင်းမှာ ငါး၊စွပ်ပြုတ်၊ပဲ၊လက်ဖက်ရည်၊ဟင်းသီး ဟင်းရွက်၊ပင်လယ်ရေညှိ အစရှိ တာတွေကို ထည့်သွင်းစားသောက် တတ်ကြပါတယ်။
(၆)အချိုတည်းတဲ့ အလေ့အကျင့်သိပ်မရှိ
ဂျပန်တွေမှာ မုန့်အချိုတွေကို အချိုတည်းတယ်ဆိုတဲ့ အလေ့အထ မျိုး သိပ် မတွေ့ရပါဘူး။ကိတ်၊ခရမ်ပါတဲ့ မုန့်အချိုတွေ၊ထောပတ်ပါတဲ့ မုန့်တွေ ကို သိပ်မ စားကြပါဘူး။မုန့်စားမယ်ဆိုရင်လည်း သကြားနည်း၊အဆီလည်း နည်းတဲ့ မုန့်မျိုးကိုသာ ရွေးချယ်စားသောက်တတ်ကြပါတယ်။